ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်

ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်  သြဂုတ်  ၂၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှု ကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်း Volunteer များနှင့်  ဒေသခံ ပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို   ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၅ဝဝ)ရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် လပွတ္တာမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များမှ အသင်းသားများအတွက် ထောက်ပံ့ငွေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိ သူများက    သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ ကြကြောင်း သတင်းရရှိသည်။