ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သေသခံပြည်သူများအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သေသခံပြည်သူများအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ပဲ များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ သွားရောက် ထောက်ပံ့ပေးအပ်သည်။

အလားတူ ယနေ့နက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုပ်တော်ရပ်နေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက် ဖွယ်ရာများကို ပြည်သူများ၏ လက်ဝယ်အရောက် ပေးဝေလှူဒါန်းပေးသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၇၀ စုတို့အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ်တွင်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူ များ၏ လက်ဝယ်အရောက် ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။