ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြု ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ လှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၁၅
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း များတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံငွေများ၊ စားသောက်ဖွွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို မြိတ်မြို့၊ ပုလဲ ရတနာခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြပြီး မြိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။