ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၆

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ဦ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွွယ်ရာများအား အဆိုပါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့်တပ်များမှ အရာရှိ၊ စစ်သည်များနှင့် မိသားစု ဝင်များအတွက် ဆန် ၁၀၀၀ အိတ်၊ ဆီ ၁၅၀၀ ပိဿာနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဧည့် ခန်းမ၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။