နေပြည်တော်၊ မေ - ၂၃
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေစိုးမိုးရေးနှင့် အေးချမ်းစွာ နေထိုင်လိုသော မိဘပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုရှိစေရေးတို့အတွက် နေ့၊ ညမပြတ် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ အဖျက်အမှောင့်ဆောင်ရွက်လိုသူများက အဆိုပါလှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား လုပ်ကြံ ဖန်တီးဖြန့်ချိခြင်းများကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးဆိပ်ကျေးရွာအုပ်စု၊ ကတက်ကွင်းကျေးရွာနေ မဌေးဌေးဝင်း(ခ)ဌေးဌေး(ဘ) ဦးကျင်ဖေ က ၎င်း၏ ငွေကျပ် ၂၆၀၀၀၀ ၊ ရွှေလက်စွပ် ၁ ကွင်းနှင့် ရွှေနားကပ် ၁ ရံ တို့ကို ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက သိမ်းယူခဲ့ကြောင်း မဟုတ်မမှန်သတင်းကို ၎င်းနေထိုင်ရာ ကျေးရွာအတွင်း ပျံ့နှံ့အောင် လုပ်ကြံစွပ်စွဲ သတင်းဖြန့်ချိခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်း စေရန်နှင့် ကျေးရွာနေပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် မဟုတ်မမှန် သတင်းများ လုပ်ကြံဖန်တီး ဖြန့်ဝေပြောဆိုသူ မဌေးဌေးဝင်း ကို မေ ၂၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျိုက်လတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။