ကျိုင်းတုံပညာရေးဒီဂရိကောလိပ်၊ B.Ed(စာပေးစာယူ) ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲနှင့် သင်တန်းဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဧပြီ - ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရိကောလိပ်၊ ပညာဗိမာန်ခန်းမ၌ ပြုလုပ်သည့် ပညာရေးဒီဂရိကောလိပ်၊ B.Ed(စာပေးစာယူ) အမှတ်စဉ်(၁/၂၀၂၂)ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲနှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပထမနှစ်သင်တန်း တက်ရောက် မည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပထမနှစ် သင်တန်းသား/သင်တန်းသူ များအား ကြိုဆိုပွဲနှင့် သင်တန်းဖွင့်ပွဲကို ဖွင့်လှစ်ပေးပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်တစ်ဦးနှင့် ကျိုင်းတုံပညာရေးဒီဂရိကောလိပ် ကျောင်းအုပ် ဆရာမကြီးတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တိုင်းမှူးက သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများပေးအပ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ဧပြီ ၂၅ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၁၈၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။