ကျိုင်းတုံဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တွေ့ဆုံ၊ ကျိုင်းတုံ ကွန်ပျူ တာတက္ကသိုလ်တွင် အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)အား E-ID စနစ်ဖြင့် SOFTWARE PROGRAM ထည့်သွင်းနေမှု၊ ဆိုလာစနစ်ဖြင့် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ထားရှိမှုနှင့် ရေကြီးရေလျှံမှုကြောင့် နမ်

ကျိုင်းတုံဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား တွေ့ဆုံ၊ ကျိုင်းတုံ ကွန်ပျူ တာတက္ကသိုလ်တွင် အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)အား E-ID စနစ်ဖြင့် SOFTWARE PROGRAM ထည့်သွင်းနေမှု၊ ဆိုလာစနစ်ဖြင့် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ထားရှိမှုနှင့် ရေကြီးရေလျှံမှုကြောင့် နမ့်လတ်ချောင်း ချောင်းကမ်းပါ ပြိုကျမှုအားကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် -၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး အလှူငွေများနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ကာ ကျန်းမာရေးဝန်ထမ်းများက အဘိုး၊ အဘွားများအား ကျန်းမာရေး စစ်ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ(၆၆/၆)များအား E-ID စနစ်ဖြင့် ကွန်ပျူတာ SOFTWARE PROGRAM ရိုက်သွင်း၍ နေပြည်တော်ရုံးချုပ်သို့ ပေးပို့နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ နမ့်ခင်ချောင်း၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ထားရှိသော စိုက်ပျိုးရေ ရရှိရေး နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စိုက်ပျိုးထားရှိသောလယ်မြေများအား လိုက်လံကြည့်ရှုကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့တွင် ရေကြီးရေလျှံမှုကြောင့် နမ့်လတ်ခေျာင်းကမ်းပါပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။