ကျိုင်းတုံမြို့တွင်းနှင့် ရေတာရှည်မြို့နယ်၊ ဆုတောင်းပြည့်မယ်ဒက်ကယ်ဘုရားကြီး တို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
နေပြည်တော်၊ ဧပြီ - ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေဒေသခံပြည်သူများ စုပေါင်း ၍ ကျိုင်းတုံမြို့အဝင်မှစ၍ လမ်းဘေးဝဲယာတစ်လျှောက်ရှိ ချုံနွယ်ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် ဌာနဆိုင် ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ ဆုတောင်းပြည့်မယ်ဒက်ကယ်ဘုရားကြီး၌ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဘုရားပရိဝုဏ် အတွင်း/အပြင်နှင့် ဘုရားရင်ပြင်တော်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။