ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်

ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေး ကုသမှုများ ဆောင်ရွက်

 
နေပြည်တော်၊ ဇွန် - ၁၅

 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံတပ်မတော်ဆေးတပ်ရင်း မှ ဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင် ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး ကျန်းမာရေးအခြေအနေ များ မေးမြန်းအားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။