ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးမျက်နှာတော်သစ်ခြင်းနှင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်း၊ မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသော ဆံတော်ရှင် ဦးဇိန စေတီတော်နှင့် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်တို့၌ ထီးတော်တင် လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံထ

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးမျက်နှာတော်သစ်ခြင်းနှင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်း၊ မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသော ဆံတော်ရှင် ဦးဇိန စေတီတော်နှင့် လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်တို့၌ ထီးတော်တင် လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှု

နေပြည်တော်၊ နိုဝင်ဘာ - ၁၈

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီးမျက်နှာတော် သစ်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့တွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား မျက်နှာတော်သစ်ရေ သပ္ပါယ်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိဘုရားကြီးအတွက် အလှူငွေများဆက်ကပ်လှူဒါန်းကြသည်။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသော ဆံတော်ရှင်ဦးဇိနစေတီတော်၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေစင်ရွှေပြား ကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား အကြီးစားပြုပြင် မွမ်းမံခြင်း၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော် ထီးတော်တင်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုဖူးမြော်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။