ကျိုင်းတုံမြို့ရှိ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

ကျိုင်းတုံမြို့ရှိ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၇

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာ များစုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော် နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

              ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရပ်တော်မူဘုရား အရုဏ်ခံ တန်ဆောင်း၌ ပန်း၊ ဆီမီး၊ ရေချမ်း၊ ဆွမ်းတို့ဖြင့် ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ က သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် စုစုပေါင်း ၃၀၀ ပါးတို့အား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိ သည်။