ကျိုင်းတုံမြို့၊ ဓမ္မသုခတောရဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်ရှိ ကမ္မဌာနာစရိယ ဓမ္မာရုံတော်မြတ်ကြီးအား မန္နက်တင် မင်္ဂလာပြုလုပ်

နေပြည်တော်၊ မေ - ၁၈

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဓမ္မသုခတောရ ဝိပဿနာဓမ္မရိပ်သာ ကျောင်းတိုက်ရှိ ကမ္မဌာနာစရိယ ဓမ္မာရုံတော်မြတ်ကြီးအား ပန္နက်တင် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ ကမ္မဌာနစရိယထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဉပသကာများက သံဃာတော်များထံသို့ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည်များ ဆက်ကပ်ပြီး အလှူရှင်များက ပန္နက်တင်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ကျောင်းတိုက်ဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သတ်မှတ်နေရာများ၌ ပန္နက်တော် ၉ ချက်ရိုက်သွင်းကြကာ အမွှေးနံ့သာများ ပက်ဖျန်းပြီး သံဃာတော် များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။