ဧပြီ - ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကာလမှစ၍ ယနေ့အထိ တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်/ခရိုင်/ မြို့နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီး ရှိ ကျန်းမာရေး ဝန်ထမ်းများအား ချီးမြှင့်ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌက ချီးမြှင့်ငွေနှင့် ပစ္စည်းများ ပေးအပ်ရခြင်းအား ဆွေးနွေး ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒေါက်တာ လှဌေးမင်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။