ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အမျိုးသား အလွတ် တမ်း ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲပြုလုပ်

ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အမျိုးသား အလွတ် တမ်း ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အမျိုးသားအလွတ်တမ်းဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကိုယနေ့တွင် ကျိုင်းတုံမြို့၊ မြို့နယ်အားကစားကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်း သားများနှင့် အားကစားသမားများတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ ဝင်များက အမျိုးသားအလွတ်တမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် Golden Triangle အသင်းနှင့် စပါး F.C အသင်းတို့၏ ယှဉ်ပြိုင်မှုများကိုကြည့်ရှုအားပေးပြီး အသင်းလိုက် ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော စပါး F.C အသင်းတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၈ သင်း တို့ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။