ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း လက်တွေ့ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ် - ၁၉
နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူ လူထုများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း လက်တွေ့ဆောင်ရွက်ခြင်းကို ယနေ့နံနက် ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုကယ်ဆယ် ရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးက ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း လက်တွေ့ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက် ခြေနီအဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများစုပေါင်း၍ ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ငလျင်အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိသည်။