ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၁၈

နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အလုံတပ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအတွက် ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာအခြေခံ သင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား လိုက်လံနှုတ်ဆက်ပြီး ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင်တန်းများဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံ ကြည့်ရှုအားပေး သည်။

အဆိုပါသင်တန်းများတွင် ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး၊ အင်္ဂလိပ်စကားပြောအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးတို့ဖြင့် မေ ၂၀ ရက် အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။