ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအပေါ် ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် NLD ပါတီထောက်ခံသူ နိုင်ငံရေးအစွန်းရောက်သူ ၁ ဦးက လူမဆန်သည့် ပြောဆိုခြိမ်းခြောက်မှုများပြုလုပ်

နေပြည်တော် ဇွန် ၃

ကလေးသူငယ်တို့၏ ပညာတတ်မြောက်မှု အခွင့်အလမ်းသည် နိုင်ငံတော်၏အနာဂတ်၊ မိဘများ၏ မျှော်လင့်ချက်ဖြစ်သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အခက်အခဲများကြားမှ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစား၍ ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့စီစဉ်ဆောင်ရွက်လျက်ရှိရာ NLD ပါတီကိုထောက်ခံသူ နိုင်ငံရေးအစွန်းရောက်သူများက ကျောင်းသား၊ ကျောင်းသူများကို ပညာရည်တတ်မြောက်စေလိုမှုထက် ၎င်းတို့၏ကိုယ်ကျိုးရှာ နိုင်ငံရေးအတွက်အောက်လမ်းနည်းဖြင့် ခြိမ်းခြောက် အကျပ်ကိုင်မှုများ ကို ယုတ်မာစွာ ဆောင်ရွက်လာခဲ့ရာ မျိုးရန်နောင်သိန်းဆိုသူက အပြစ်ကင်းစင်ပြီး နုနယ်သေးသည့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ၊ ကျောင်းသားမိဘများကို အကြောက်တရားလွှမ်းမိုးစေရန်ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်တွင် လူမဆန်သည့် ပြောဆိုမှုများကို ဖော်ပြပါအတိုင်းတွေ့ရှိနိုင်ပါသည်-

“ကျောင်းတွေတက်တဲ့ ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်ပြောချင်တာရှိတယ်။ ခြေပြတ်လက်ပြတ်ဖြစ်သွားရင် အကောင်းပြန်မရ တော့ဘူး။ ဒီကြားထဲ သေသွားရင် အသက်က နှစ်ခါပြန်မရတော့ဘူးဆိုတော့ ကျောင်းမတက်ကြနဲ့ ကျောင်းမအပ်ကြနဲ့” ဟု မျိုးရန်နောင်သိန်းက ပြောသည်။

အဆိုပါ Video File နှင့်ပတ်သက်၍လည်း အေးချမ်းစွာပညာသင်ကြားလိုသော ဆန္ဒရှိသည့် ကျောင်းသားမိဘများက ရွံရှာ စက်ဆုပ်သည့် Comment များကိုလည်းတွေ့ရှိရမည်ဖြစ်ပါသည်-

၎င်းအပြင် ကျောင်းသား၊ ကျောင်းသူများအား ယခုကဲ့သို့ခြိမ်းခြောက်ပြောဆိုခဲ့မှုနှင့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ကလေးသူငယ်များ၏ ပညာရည်တိုးတက်မြင့်မားရေးကိုလိုလားသည့် ပြည်သူများကလည်း မုန်းတီးရွံရှာစက်ဆုပ်လျက်ရှိကြောင်း သိရှိရသည်။ NLD ပါတီကို ထောက်ခံသူ နိုင်ငံရေးအစွန်းရောက်သူများအနေဖြင့် ထိုကဲ့သို့ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများအပါအဝင် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနိုင်မှုကို ထိခိုက်စေရန်ရည်ရွယ်၍ စာသင်ကျောင်းများအားမီးရှို့ဖျက်ဆီးခြင်း၊ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြင်း၊ နည်းမျိုးစုံဖြင့် အန္တရာယ်ပြုခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့အကြမ်းဖက်ဆောင်ရွက်မှုများကို မလိုလားသည့် ကျောင်းသားမိဘများ၊ တာဝန်သိပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာသင်ကျောင်းများအေးချမ်းစွာ ဖွင့်လှစ် သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

နိုင်ငံတော်၏အနာဂတ် မျိုးဆက်သစ်အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာစေမည့် ပညာသင်ကြားမှုကို နှောင့်ယှက်ခြိမ်း ခြောက်နေသူများ၊ ထိုကဲ့သို့ခြိမ်းခြောက်နေသူများကို ငွေကြေးထောက်ပံ့မှုပေးခြင်းအပါအဝင် ထောက်ခံအားပေးလျက်ရှိသူများအား မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းရှုတ်ချကန့်ကွက်ခြင်း၊ ၎င်းအကြမ်းဖက်ခြိမ်းခြောက်နေသူများ၏ သတင်းအားရရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများထံသို့ သတင်းပေးပို့ခြင်း၊ ပူးပေါင်းဖမ်းဆီးခြင်းများ ဆောင်ရွက်၍ မိမိတို့၏ ရင်သွေး ငယ်များအား လုံခြုံမှုပြည့်ဝစွာဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

(၁၀၀)