ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလှေနှစ်စင်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၉ ရက်  ည ၆ နာရီခွဲခန့်တွင် ကျွန်းစုမြို့၏အနောက်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ၌ အလျား ၄၆ ပေ၊ အနံ ၇ ပေ၊ ရေစူး ၃ ပေ ၆ လက်မခန့်ရှိ တရားမဝင် ငါးဖမ်းလှေပေါ်မှ အမျိုးသား နှစ်ဦးကို WY  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ ပြား၊ ဘိန်းစာမှုန့် နှစ်ထုပ်၊ ၁၅ဝ ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် သုံးသိန်းကျော်)နှင့် လည်းကောင်း၊ အလျား ၅၆ ပေ၆ လက်မ၊ အနံ ၁၂ ပေ ၁၁ လက်မ၊ ရေစူး၄ ပေ ၁ဝ လက်မခန့်ရှိ စည်းပျက်ကင်းမွန် မီးထွန်းလှေပေါ်မှ အမျိုးသား ၁၁ ဦးကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စက်လှေများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မြိတ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။