ကြွပ်ကြွပ်အိတ်ထဲဖုန်းထည့်ပြီးအားသွင်းရာမှ အလုပ်သမားအိပ်ဆောင် မီးလောင်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၂၉ လမ်း၊၇၉ လမ်းနှင့် လမ်း ၈ဝ ကြား အကွက်(၆၂၁)ရှိ ပေ ၆ဝx၂၅ ပေနံကပ် နှစ်ထပ်ခွဲစားသောက်ဆိုင်၏ အနောက် အလုပ်သမား အိပ်ဆောင်၌ အောက်တိုဘာ ၃ဝ ရက်နံနက် ၂ နာရီ မိနစ် ၄ဝ ခန့်က အလုပ်သမားများက ကြွပ်ကြွပ်အိတ်ထဲသို့ ဖုန်းနှစ်လုံးထည့်ပြီး အားသွင်းထားရာမှ အပူလွန်ကဲ၍   အောက်ရှိဂျပ်ဖာ အဟောင်းများပေါ်ပြုတ်ကျကာ   မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ဦးဆောင်၍ Level-2 အဆင့်မီးသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ်ငါးစီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ဝ ဦး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃ဝ ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၃ နာရီမိနစ်၂ဝ တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် အပေါ်ထပ်ရှိ ပိတ်မိနေသူ  ၁၁  ဦးအား  အသက်ရှင်လျက် ရှာဖွေကယ်ထုတ်နိုင်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၈)မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။