ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး (အမျိုးသမီး)များအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး (အမျိုးသမီး)များအလိုရှိသည်

၁။           လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

              (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

              (ခ) လျှောက်ထားသူသည် ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက် မကြီးရ။

              (ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

              (ဃ) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။

                       (အထက်ပါအတိုင်း ကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ် သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)       

၂။          လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady.net.mm/Sgt(female))တွင် Download ရယူ၍ဖြစ်စေ   အောက်ပါစာရွက်စာတမ်းများနှင့် အတူ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ ၁-၁၁-၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

              (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။

                                           (ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။(အမှတ်စာရင်းတင်ပြရမည်။)

                                           (ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲ တပ်ဖွဲ့  စခန်းတစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

                                           (ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

              (င) အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

              (စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။

၃။           သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ ပဏာမ ရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြု ရွေးချယ်မည်။

၄။        သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်းစည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip.C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။          သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ်ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည် အထိ တပ်သားအခြေခံလစာ (၁၅၀ဝဝဝ)ကျပ်ကို လည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) [အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ) ကျပ်၊ M.H.R.A  (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း (၂၁၈ဝဝဝ)ကျပ် ရရှိမည်။]

၆။              တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်းတိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့်/အတန်းတိုးမြှင့်ရေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ စာမေးပွဲအောင်မြင် ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများတိုးမြှင့်ရရှိနိုင်ပြီး  ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြပါ လစာ၊စရိတ်များ ရရှိမည်-

                       အဆင့်အတန်း                                                အခြေခံလစာ   အရည်အချင်းလစာ    M.H.R.A       ပေါင်း

                                                                                                     

            (က)   တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း)    ၂၀၄ဝဝဝ           ၆ဝဝဝ                    ၁ဝဝဝဝ       ၂၂၀ဝဝဝ

            (ခ)   တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)(ပထမတန်း)      ၂၀၄ဝဝဝ           ၈ဝဝဝ                    ၁ဝဝဝဝ        ၂၂၂ဝဝဝ

            (ဂ)   ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                  ၂၄ဝဝဝဝ           ၈ဝဝဝ                   ၁ဝဝဝဝ       ၂၅၈ဝဝဝ

            (ဃ)   အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                        ၂၅၈ဝဝဝ           ၈ဝဝဝ                    ၁ဝဝဝဝ       ၂၇၆ဝဝဝ

            မှတ်ချက်။      နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ် အထိ ခံစားခွင့် ရှိသည်။

၇။        တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာ ဖြေဆိုနိုင်သည်။

မှတ်ချက်။      အသေးစိတ်သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။

 

Download Form