ကွန်ဟိန်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

ကွန်ဟိန်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊  ဖေဖော်ဝါရီ - ၈
    
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များက ကွန်ဟိန်းမြို့ရှိ နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။    
    
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ် သည်။ 
    
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်နှင့် ရွှေပြည်ကုန်းအဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက ရေတာရှည်မြို့၊ ရွှေပြည်ကုန်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။
    
ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။