နေပြည်တော်၊ ဇွန် - ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ခန္တီးမြို့ရှိ ခန္တီးခရိုင်ရဲတပ်မှူးရုံ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြား သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။