ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများအား စုပေါင်းသန်ရှင်းရေးပြုလုပ်

ခိုလမ်မြို့ရှိ အခြေခံပညာကျောင်းများအား စုပေါင်းသန်ရှင်းရေးပြုလုပ်

နေပြည်တော်၊ မေ - ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့၌ ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်တိုင်း စစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း များက ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေမြောင်းများပြန်လည်တူးဖော်ပေးခြင်း၊ အဆောက်အဦများ ဆေးသုတ်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးကြသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။