ခိုလမ်မြို့၊ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိသာသနာပြု ကျောင်းတိုက်အတွင်း၌ ဆောက်လုပ် လှူဒါန်းမည့် သိမ်တော်သိမ်သမုတ်မင်္ဂလာ ကျင်းပပြုလုပ်

ခိုလမ်မြို့၊ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိသာသနာပြု ကျောင်းတိုက်အတွင်း၌ ဆောက်လုပ် လှူဒါန်းမည့် သိမ်တော်သိမ်သမုတ်မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိသာသနာပြု ကျောင်းတိုက်အတွင်း၌ ဆောက်လုပ်လှူဒါန်းမည့် သိမ်တော်သိမ်သမုတ်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်အတွင်း၌ ပြုလုပ်ရာ လွိုင်လင်မြို့၊ သာသနာ့ဝိပုလ ဓာတ်တော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ရှမ်းပြည်နယ် လုံးဆိုင်ရာသံဃာ့အဖွဲ့ချုပ်ဉက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဒေါက်တာ ပညာနန္ဒ အမှူးပြု သော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနာ့ဝိပုလ ဓာတ်တော် ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သာသနာ့ဝိပုလ ဓာတ်တော်ကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များက သိမ်သမုတ် မင်္ဂလာကို စတင်ကျင်းပသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။