ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်တို့ ပွဲစဉ် ပါဝင်သည့် One Battleground III ပြိုင်ပွဲ သြဂုတ် ၂၇ ရက်တွင် ကျင်းပမည်
ONE Championship က ကြီးမှူးကျင်းပမည့် ONE Battleground III ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်မည့် ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင် ဂျောင်တို့ ယှဉ်ပြိုင်မည့်ပွဲစဉ်ကို သြဂုတ် ၂၇ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲ တွင် စတင်ကျင်းပမည်ဖြစ်ပြီး တီရယ်ထန် နှင့် ဆောင်မင်ဂျောင်တို့ တွဲဆိုင်းမှာ ဒုတိယမြောက်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ် ရာ ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် Sky-net Sports ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် တီရယ်ထန်သည် အရပ် ၅ ပေ ၉ လက်မရှိသူဖြစ်ပြီး စုစုပေါင်း သုံးပွဲယှဉ်ပြိုင်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရရှိထားသူဖြစ်ကာ အသက် ၂၉ နှစ် အရွယ်ပြိုင်ဘက် ဆောင်မင်ဂျောင်မှာ စုစုပေါင်း ၁၉ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၁၁ ပွဲအနိုင် ရရှိထားပြီး ရှစ်ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။
အဆိုပါပြိုင်ပွဲကို Skynet Sports ရုပ်သံလိုင်းမှ Skynet Sports 3 ရုပ်သံလိုင်း နှင့် Skynet Sports HD ရုပ်သံလိုင်းတို့ မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည့် အပြင် ONE Championship ၏Facebook Page မှ Live Stream ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ONE Championship Youtube Channelမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။