နေပြည်တော် မေ ၁၃
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား လက်နက်ကိုင် အကြမ်းဖက်သူ များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၂ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင် ရပ်ကွက်ရှိ မင်းတပ်မြို့မ ရဲစခန်းအား လက်နက်ကိုင်အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်များ ဖြင့်လည်းကောင်း၊ ည ၇ နာရီခွဲအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စံပြရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က တူမီးသေနတ်၊ လက်လုပ်သေနတ်များဖြင့် လည်းကောင်း၊ မေလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် အဆိုပါဘဏ်အား လက်နက်ကိုင်အကြမ်းဖက်သူ အင်အား(၄၀)ဦးခန့်က ထပ်မံ၍ တူမီး သေနတ်များဖြင့်လည်းကောင်း လာရောက်အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံ ရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား