ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ လုံခြုံရေး ယာဉ်တန်းအား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီးပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ လုံခြုံရေး ယာဉ်တန်းအား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်၊ မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီးပျက်စီး

နေပြည်တော်  ဧပြီ  ၂၆

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ လုံခြုံရေးယာဉ်တန်းအား ယနေ့တွင် ဆူပူအကြမ်းဖက်သူ များမှ  တူမီးသေနတ်၊  မောင်းပြန်သေနတ်များဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့သုံးမော်တော်ယာဉ်  ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်အချိန်တွင် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး  လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    မင်းတပ်မြို့နှင့် ပခုက္ကူမြို့အကြား လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နိုင်ရန် အတွက် ယာဉ်တန်းဖြင့်ထွက်ခွာခဲ့ရာ မွန်းလွဲ ၃ နာရီခွဲအချိန်တွင်   မင်းတပ်မြို့၊  အရှေ့ပြင်ရပ်ကွက်၊  ဂေါက်ကွင်းအနီး အရောက်တွင်   ဆူပူအကြမ်းဖက်သူများက  တူမီးသေနတ်၊  မောင်းပြန်သေနတ်တို့ဖြင့်  လမ်းဘေးဝဲ၊ ယာမှ အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ခုခံပစ်ခတ်၍ မင်းတပ်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ်  အရှေ့ပြင်ရပ်ကွက်၊  ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှေ့တွင် အကြမ်းဖက်သူများက  ထပ်မံပိတ်ဆို့ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့၍  လုံခြုံရေး တပ်ဖွဲ့ဝင်များက ခုခံပစ်ခတ်ပြီး ထွက်ခွာခဲ့ရာ  ညနေ ၄ နာရီ ၄ဝ     မိနစ်အချိန်တွင်    မင်းတပ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဆူပူအကြမ်းဖက်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။