ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ

ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၁၃

အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၆ ရက်မှ ၁၃ ရက်နေ့အထိ ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နယူးဒေလီ မြို့သို့ရောက်ရှိစဉ် National War Memorial သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေချ အလေးပြုခဲ့သည်။ ထို့နောက် South Block သို့သွားရောက်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီး ချုပ် Admiral Karambir Singh က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဉီးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh နှင့် တွေ့ဆုံ၍ အိန္ဒိယရေတပ်၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဉီးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးလိုက်ပါပြီး အိန္ဒိယ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် Chief of Defence Staff ဗိုလ်ချုပ်ကြီး Bipin Rawat နှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံခြား ရေးအတွင်းဝန် Foreign Secretary Mr. Harsh Vardhan Shringla နှင့်လည်းကောင်း၊ အိန္ဒိယကာကွယ်ရေးအတွင်းဝန် Defence Secretary Dr. Shri Ajay Kumar နှင့် လည်းကောင်း၊ အိန္ဒိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေး Deputy National Security Advisor Mr. Rajindra Khanna ၊ တပ်မတော်ဆိုင်ရာအကြံပေး Military Adviser Lieutenant General (Retired) Mr. Chauhan တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံ၏ National Maritime Foundation သို့ရောက်ရှိခဲ့ရာ Vice Admiral (Retired) Pradeep Chauhan က ကြိုဆိုခဲ့ပြီး National Maritime Foundation ၏ ရေကြောင်းဆိုင်ရာ သုတေသနပြု ဆောင်ရွက်နေမှုများနှင့် Peaceful India Ocean ခေါင်းစဉ်နှင့်ပတ်သက်၍ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။ ထို့နောက် အိန္ဒိယရေတပ်ဉီးစီးချုပ်က တည်ခင်းဧည့်ခံသော ညစာစားပွဲကို တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ရေတပ်ဆိုင်ရာနည်းပညာများ ပူးပေါင်း ဆောင်ရွက်ရေး၊ စစ်ရေယာဉ်များအပြန်အလှန်လည်ပတ်ရေးနှင့် ရေကြောင်းလုံခြုံရေး အတွက် သတင်းအချက်အလက်မျှဝေရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့ကြကြောင်း သတင်းရရှိသည်။