နီယွန်၊ ဘောလုံး
ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲများတွင် ကွင်း အတွင်း ပရိသတ်များ ပြန်လည်ဝင်ရောက်ကြည့်ရှု ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အစောပိုင်းက ဥရောပဘောလုံးအဖွဲ့ချုပ်က ယခုနှစ် အတွင်းကျင်းပသည့်ပြိုင်ပွဲများတွင် ကွင်းအတွင်းဝင်ဆံ့ သည့် ပရိသတ်ဦးရေ၏ ၃၀ ရာခိုင်နှုန်းကို ဝင်ရောက်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသော်လည်း ယခုအခါ အဆိုပါ ထုတ်ပြန်ချက်ကိုပယ်ဖျက်ခဲ့ပြီး ဗိုလ်လုပွဲနှစ်ပွဲကို ပရိသတ်အားလုံး ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်က ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်နှင့် ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်များတွင် အိမ်ကွင်းပရိသတ်များကို ဦးရေ အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ်သော် လည်း အဝေးကွင်းပရိသတ်များကို ဝင်ရောက်အားပေးခွင့်ပိတ်ပင်မည်ဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ မန်စီးတီး၊ ဒေါ့မွန်၊ ပေါ်တို၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ရီးယဲလ်မက်ဒရစ်နှင့် လီဗာပူးအသင်းတို့ တက်ရောက်ထားပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်အဆင့်သို့ ဂရန်နာဒါ၊ မန်ယူ၊ အာဆင်နယ်၊ စပါတာပရပ်၊ အေဂျက်၊ ရိုးမား၊ ဒိုင်နမိုဇာဂရက်နှင့် ဗီလာရီးယဲလ်အသင်းတို့ တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲဗိုလ်လုပွဲကို မေ ၃၀ ရက်တွင် တူရကီ နိုင်ငံ Istanbul မြို့နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေ ၂၇ ရက်တွင် ပိုလန်နိုင်ငံ Gdansk မြို့၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
Ref;UEFA.Com