လန်ဒန်၊ ဘောလုံး
ဖေဖော်ဝါရီ ၄ ရက်ညတွင် ကစားမည့် စပါးနှင့်ချယ်လ်ဆီးတို့၏ လန်ဒန်ဒါဘီပွဲမတိုင်မီ စပါးနည်းပြ မော်ရင်ဟို က ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာသော ဂျာမန်နည်းပြသော မတ်စ်တူချယ်ကို ဖိအားပေးစကားပြောခဲ့သည်။
တူချယ်သည် ချယ်လ်ဆီး၌ လမ်းပတ် နေရာအစားဝင်လာပြီးနောက် နှစ်ပွဲနည်းပြရာတွင် လေးမှတ် ရယူနိုင်ခဲ့သည်။ သို့သော် မော်ရင်ဟိုက ချယ်လ်ဆီးသည် မိမိအပါအဝင် နည်းပြများစွာနှင့် ပရီးမီးယား လိဂ်ချန်ပီယံဆု ဖလားများကို ရယူနိုင်ခဲ့သည့်အသင်းဖြစ်သောကြောင့် တူချယ်အနေဖြင့် အင်္ဂလန်၌အောင် မြင်သည့် နည်းပြဖြစ်လိုလျှင် ချယ်လ်ဆီးနှင့် ချန်ပီယံဆုဖလား ရယူနိုင်မှဖြစ်မည်ဟု ဖိအားပေးခဲ့သည်။
မော်ရင်ဟိုက “ပြင်သစ်လီဂူးဝမ်းဆိုတာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီဆိုတာ ဒီလိဂ်မှာ ခြားနားလွန်းစွာနဲ့ အသာစီးရနေတဲ့အသင်းဖြစ်လို့ သူတို့ရခဲ့တဲ့ဖလားတွေက ဒီလောက်မခက်ဘူး။ အင်္ဂလန်မှာအောင်မြင်တဲ့နည်းပြအဖြစ် စာရင်းဝင်ချင်ရင်တော့ ချယ်လ်ဆီးနဲ့ ချန်ပီယံဆု ဖလားတွေ ရယူနိုင်မှ ဖြစ်မယ်။ ဒီစကားက တူချယ်တစ်ဦးတည်းကို ရည်ရွယ်တာမဟုတ်ပါဘူး။ ကျွန်တော် ချယ်လ်ဆီးနဲ့ ချန်ပီယံ သုံးကြိမ် ဖြစ်ခဲ့တယ်” ဟုပြောသည်။
Ref:Dailymail