ရီးယဲလ်အသင်း၏ အဓိကတိုက်စစ်မှူး ဘင်ဇီမာသည် အောက်တိုဘာ ၂၇ ရက်က ဂလာဘတ်အသင်းနှင့် ကစားခဲ့သည့်ချန်ပီယံလိဂ်ပွဲ၌ ဒုတိယပိုင်း ပြန်ကစားရန် ဥမင်အတွင်းမှ ပြန်ထွက်မည့်အချိန်တွင် ဘင်ဇီမာသည် အသင်းဖော် ဗီနီးစီးယက်စ်အား ဘောလုံးမပေးရန်နှင့် ၎င်းသည် မိမိတို့အသင်း ကစားပုံကို ဆန့်ကျင်ကစားနေသူ ဖြစ်သည်ဟု ပြောဆိုခဲ့မှုသည် ဗီဒီယိုမှတ်တမ်းတွင် အသံနှင့် ရုပ်ပါဝင်ပြီး ပေါက်ကြားသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် မာကာသတင်းစာ၏ ဖော်ပြချက်အရ ဘင်ဇီမာသည် ဗီနီးစီးယက်စ် အား လေ့ကျင့်ရေးကွင်း၌ သွားရောက်ချဉ်းကပ်ပြီး တောင်းပန်စကားဆိုခဲ့၍ နှစ်ဦးသား ဆက်ဆံရေး နားလည်မှုရရှိကာ ပြန်လည်အဆင်ပြေသွားခဲ့ပြီဟု ဆိုသည်။ ဗီဒီယိုမှတ်တမ်းတွင် ဘင်ဇီမာသည် ဗီနီးစီးယက်စ်အား ''သူက ဘာမှအသုံးဝင်တာတွေ မလုပ်နိုင်ဘူး။ ကြောက်စိတ်ဝင်နေပြီဆိုရင် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပျောက်သွားရော'' ဟု ပြန်ပြောခဲ့ရာ ဘင်ဇီမာက ''သူ့ကို ဘောလုံးမပေးနဲ့ သူက ငါတို့နဲ့ဆန့်ကျင်ကစားနေတာ'' ဟု ပြန်ပြောခဲ့သည်။
မာကာသတင်းစာ၏ ဖော်ပြမှုတွင် ကစားဖော်များသည် ဘယ်တောင်ပံ တိုက်စစ်တွင် ကစားခဲ့သည့် ဗီနီးစီးယက်စ်အား ဒုတိယပိုင်း၌ ဘောလုံး သုံးကြိမ်သာ ပေးခဲ့ကြောင်း သိရသည်။