ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စား လှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများနှင့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စား လှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများနှင့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာ ဆာဆာကာဝါနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည် နယ်၊ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့်အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း နှင့်လည်းကောင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် လည်းကောင်း ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံကြပြီး ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရည်မြင့်မားရေး၊ ဒေသတည်ငြိမ်အေး ချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေး နွေးကြသည်။
ထို့နောက် ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် အောင်မြေ ဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းနှင့် ဉဿလင်း ဘုန်းတော်ကြီးကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းတို့၌ ယာယီ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် သက္ကယ်ပြင်ကျေးရွာရှိ ကယ်ဆယ်ရေး စခန်း၌ နေထိုင်လျက်ရှိ သည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံ၍ နေထိုင်စား သောက်ရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရဧည့်ဂေဟာ၌ သတင်းထောက်များနှင့်တွေ့ဆုံ၍ သတင်းထောက်များ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ ကြောင်း သတင်းရရှိသည်။