ဂျူဗင်တပ်စ်အသင်း ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲတက်ရောက်

တူရင်၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းသည် ဖေဖော်ဝါရီ ၉ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့်  ကိုပါအီ တာလီယာဖလား ဆီမီး ဖိုင်နယ်ဒုတိယအကျော့ပွဲတွင် ဂိုးမရှိသရေကစားနိုင်ခဲ့ခြင်းကြောင့် နှစ်ကျော့ပေါင်း ၂ ဂိုး- ၁ ဂိုးအနိုင် ရလဒ်ဖြင့်   ဗိုလ်လုပွဲသို့   တက်လှမ်းနိုင်ခဲ့ သည်။

မီလန်တွင်ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်ကတည်းက ဂျူဗင်တပ်စ်အသင်းသည် ၂ ဂိုး- ၁ ဂိုးဖြင့်  အနိုင်ရ ခဲ့သည့်အတွက် ယခုပွဲတွင် အင်တာမီလန်အသင်းသည် တိုက် စစ်ပို၍မြှင့်တင်ကစားခဲ့သော်လည်း လူကာကူ နှင့်ဟာကီမီတို့ရရှိသည့် အခွင့်အရေးကောင်းများကို ဂိုးအဖြစ်သွင်းယူနိုင်ခြင်းမရှိ၍ ဂိုးမရှိ သရေသာ ကစားနိုင်ကာ အင်တာမီလန်အသင်း ဆီမီးဖိုင်နယ်မှ လှည့်ပြန်ခဲ့ရသည်။

ဂျူဗင်တပ်စ်အသင်းသည်လည်း ဂိုးသွင်း ခွင့်များရရှိခဲ့ပြီး စီရော်နယ်ဒို၏ ဂိုးကန်သွင်းမှု နှစ်ကြိမ်ကို  အင်တာမီလန်ဂိုးသမား  ဟန်ဒါ နိုဗစ်လက်စွမ်းပြကာကွယ်ခဲ့၍ ဂိုးမရခဲ့ပေ။ ဂျူဗင်တပ်စ်အသင်းသည် ဗိုလ်လု ပွဲတွင် အတ္တလန္တာနှင့် နာပိုလီအသင်းတို့ပွဲစဉ်မှ အနိုင်ရမည့်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဗိုလ်လုပွဲကို မေ ၁၉ ရက်တွင် ကစားမည်ဖြစ်သည်။

Ref:BBC