စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့၌ တပ်မတော် ထောက်ခံပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

    ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် အင်အား ၅ဝဝ ဦးဖြင့်လည်းကောင်း၊ ခင်ဦးမြို့တွင် အင်အား ၁ဝဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် အင်အား ၃ဝဝ ဦးခန့်ဖြင့် လည်းကောင်း ဆန္ဒဖော်ထုတ်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈)နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ သစ်အား ကြိုဆို ထောက်ခံ ပါသည်၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့့် UEC အသစ်အား ကြိုဆိုပါသည်၊ ပြည်ပအားကိုး ပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များအား အလိုမရှိ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး အေးချမ်းပါစေ၊ ဥပဒေနှင့် မညီသော ရွေးကောက်ပွဲ ရလာဒ်အလိုမရှိ၊ အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ ဒို့ရန်သူ၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် တပ်မတော်အား ထောက်ခံပါသည် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။

     အများပြည်သူများအနေဖြင့် တပ်မတော်က ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှု ဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံသည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။