စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လှုပ်ရှားရဲကင်း၊ သစ်တောဘိနယ်ရုံးနှင့် အပူပိုင်း စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရုံးတို့အား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

နေပြည်တော်  မေ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊   တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လှုပ်ရှားရဲကင်း၊ သစ်တောဘိနယ်ရုံးနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရုံးတို့အား အကြမ်းဖက်သူများက   မီးရှို့ဖျက်ဆီးခဲ့၍ အဆိုပါ အဆောက်အဦများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၂၁ ခုနှစ်၊ မေလ ၁၁ ရက် ည ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာရှိ လုံခြုံရေး ယာယီရုပ်သိမ်းထားရှိသည့် တောဂျင်လှုပ်ရှား ရဲကင်းအား လည်းကောင်း၊ ည ၉ နာရီအချိန်တွင် ဆူပူအကြမ်းဖက်သူများသည် အဆိုပါကျေးရွာရှိ သစ်တောဘိနယ်ရုံးနှင့် အပူပိုင်းစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနရုံးအဆောက်အဦ  ၂  လုံးတို့အား လည်းကောင်း  ဆူပူအကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ကျေးရွာနေ ပြည်သူလူထုများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆောက်အဦများ၊  သက်သေခံအဖြစ် သိမ်းဆည်းထားရှိသော NISSAN  အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ် ၁ စီးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များမှ  အကြမ်းဖက်မှု လုပ်ရပ်များ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူသွားနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။