စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အမျိုးသား ၄ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်ယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အမျိုးသား ၄ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်ယူဆောင်

နေပြည်တော်၊ ဇန်နဝါရီလ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အမျိုးသား ၄ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ မဟာမြိုင်ရပ်ကွက်နေ ဆရာဝန်အငြိမ်းစားဖြစ်သူ ဦးတင်ရွှေ(၇၇)နှစ် (ဘ) ဦးသန်းမောင်၏ နေအိမ်အား အမျိုးသား ၄ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များကို လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေးခဲ့ရာ ညနေ ၄ နာရီအချိန်တွင် ဦးတင်ရွှေ၏ သမီးဖြစ်သူ မစိုးစိုး(၄၇)နှစ်သည် အဆိုပါ နေအိမ်အတွင်း ရှိနေစဉ် သေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ဆိုင်ကယ်များဖြင့် ရောက်ရှိ လာပြီး ဖခင်ဖြစ်သူ ဒေါက်တာ တင်ရွှေ ရှိ/မရှိ မေးမြန်းကာ မစိုးစိုး ကိုင်ဆောင်ထားသည့် I-Phone 6 Plus ၁ လုံး၊ ငွေ ၅၀၀၀၀၀ ကျပ်၊ နေအိမ်အပေါ်ထပ်ရှိ ငွေ ၄၅၀၀၀၀ ကျပ်၊ ပလက်တီနမ် လက်စွပ် ၄ ကွင်း၊ စိန်လက်စွပ် ၁ ကွင်း၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ၃ ရောင်ခြယ် ဆွဲကြိုး ၁ ကုံး၊ သုံးရောင်ခြယ်လက်စွပ် ၁ ကွင်း(စုစုပေါင်းတန်ဖိုး ၆၃၁၀၀၀၀ ကျပ်ခန့်)၊ ဒေါက်တာ တင်ရွှေအမည် ဖြင့် ဘဏ်စာအုပ် ၁ အုပ်၊ ဒေါ်ခင်ချိုသက်အမည်ဖြင့် ဘဏ်စာအုပ် ၁ အုပ်၊ မေမြတ်ကျော် အမည်ဖြင့် ဘဏ်စာအုပ် ၁ အုပ်တို့အား သေနတ်ပြခြိမ်းခြောက်လုယက်ယူဆောင်ကာ ဆိုင်ကယ်များ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။