စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဒုတိယကျောင်းအုပ် ဆရာကြီးအား PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာလုပ်ကြံသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဒုတိယကျောင်းအုပ် ဆရာကြီးအား PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာလုပ်ကြံသတ်ဖြတ်

 
နေပြည်တော်၊ ဧပြီ ၂၂

 
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ က ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမ များအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယ ကျောင်းအုပ်ဆရာကြီးဖြစ်သည့် မြဝတီရပ်ကွက်နေ ဦးသောင်းတင်ထွန်း (၅၅)နှစ် (ဘ) ဦးကျော်ဝင်း သည် ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မုံရွာ-ရေဦးကားလမ်းဘေးရှိ ၎င်း၏နေအိမ်ရှေ့၌ ဖွင့်လှစ်ထား သည့် တော်ဝင်ထွန်းဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အကြမ်းဖက်သမားအမျိုးသားက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ဦးသောင်းတင်ထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၎င်းအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသူအား လုပ်ကြံသတ်ဖြတ်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။