စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ MPT ဆက်သွယ်ရေးတာဝါတိုင်အား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၆
    
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ MPT ဆက်သွယ်ရေးတာဝါတိုင်အား ဆူပူအကြမ်းဖက် သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မင်းကင်းမြို့နယ်၊ တုံကျေးရွာအုပ်စု၊ ကျောက်ခဲတက်ကျေးရွာရှိ MPT ဆက်သွယ်ရေးတာဝါတိုင်အမှတ် SGG-01056 အား ဆူပူအကြမ်း ဖက်သူ အမျိုးသား ၃ ဦး က တာဝါတိုင်ခြံဝင်းတံခါးသော့များ ဖျက်ဆီး၍ မီးရှို့ခဲ့ရာ ၁၂ ကေဘယ်လ် ကြိုးများ မီးလောင်ကျွမ်းခဲ့ပြီး ည ၁၀ နာရီ ၂၅  မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
    
မီးလောင်မှုကြောင့် ည ၁၀ နာရီ ၁၅ မိနစ်အချိန်မှစ၍ ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်းနှင့် တုံကျေးရွာအုပ်စုဝန်းကျင်ခန့်သာ ဆက်သွယ်ရေးလိုင်းပြတ်တောက်မည်ဖြစ်ပြီး အဆိုပါ MPT ဆက်သွယ် ရေးတာဝါတိုင်းအား အမြန်ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် MPT ဆက်သွယ်ရေးတာဝါတိုင် အား မီးရှို့ဖျက်ဆီးခဲ့သည် ဆူပူအကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။