စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇူလိုင် ၁
    
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    
ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မင်းကင်းမြို့နယ်၊ ဖက်ခတ် ကျေးရွာတွင် လုံခြုံရေးအခြေပြုထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် နယ်မြေ အေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ဖက်ခတ်ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့် အကွာရှိ တောင်ပေါ်အရောက်၌ တူမီးသေနတ်များ ကိုင်ဆောင်ထားသည့် လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် လက်နက်ကိုင်အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင်အကြမ်းဖက်သူများ ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေရာတဝိုက်အား သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သူများကိုင်ဆောင် အသုံးပြုခဲ့သည့် တူမီးသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။