စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့် ရန်ပြုပစ်ခတ် တိုက်ခိုက်ရာ လက်အတွင်းပေါက်ကွဲမှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရရှိသူ၏ ဖွင့်ဟဝန်ခံချက်

နေပြည်တော် မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့်ရန်ပြုပစ်ခတ် တိုက်ခိုက်ရာ လက်အတွင်း ပေါက်ကွဲမှုဖြစ်ပွားရာမှ အကြမ်းဖက်သူအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆူပူအကြမ်းဖက်သူ  ၁ ဦးသေဆုံးခဲ့ကြောင်း မေ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးဖြင့် ရန်ပြုပစ်ခတ်သူ သဲကိုမောင် (ဘ) ဦးအေးကိုသည်  လက်လုပ်ဗုံးဖြင့် ပစ်ခတ်စဉ် ၎င်း၏အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဝဲ/ယာ ခြေထောက်များတွင် ဗုံးစထိမှန်ဒဏ်ရာများနှင့် ဝဲလက်ညှိုးပြတ်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသား ၁ ဦးမှာလည်း  လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်လုပ်ဗုံးဖြင့်  ရန်ပြုပစ်ခတ်စဉ် ၎င်း၏ လက်အတွင်း ဗုံးပေါက်ကွဲခဲ့သဖြင့် ယာလက်မောင်းကျိုး၊ ယာချိုင်းအောက် ဗုံးစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူအား ဆေးကုသမှုခံယူနိုင်ရေး မြင်းမူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ရှိပြီး ၎င်း၏ဖွင့်ဟ ဝန်ခံချက်များအား  ယခုလိုပဲကြားသိရပါသည်-

“ကျွန်တော့်နာမည်ကတော့ သဲကိုမောင်ဖြစ်ပါတယ်။ သံပန်း၊ သံတံခါးလုပ် ပါတယ်။ မေလ ၉ ရက်နေ့ မနက်ပိုင်းက မြင်းမူမြို့နယ်မှာ ဆန္ဒပြတဲ့နှစ်ယောက်ကို ရဲတပ်ဖွဲ့ကဖမ်းသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြန်လွှတ်ပေးဖို့ ရဲစခန်းကိုဝိုင်း ပြီးတော့ ဆော်သြလှုံ့ဆော်ကြပါတယ်။ ကျွန်တော်အပါအဝင် လူ ၁၀၀ လောက် ရှိပါတယ်။ ရဲစခန်းကိုဝိုင်းပြီးတော့ လမ်းတွေပိတ်ပြီး တာယာကွင်းတွေ၊ မီးပုလင်း တွေ၊ အမှိုက်တွေကို စုပုံပြီးတော့ မီးရှို့တာ တွေလုပ်ကြပါတယ်။ အဲဒီရဲစခန်းကိုလည်း လေးခွ၊ ဂျင်ကလိ၊ ဓားလက်နက်အစုံနဲ့ ဝိုင်းပစ်ကြပါတယ်။ ရဲကလည်း လူစုခွဲဖို့ ပြောပါတယ်။ လူစုမခွဲတဲ့အပြင် ရဲစခန်း ကိုဝိုင်းပြီးတော့ ဆဲဆိုကြ ပါတယ်။ လက်လုပ်ဗုံးကကွဲပြီးတော့ ကျွန်တော့်အနားကို ပြန်ကျလို့ ကျွန်တော်လည်း ဒဏ်ရာရလိုက် ပါတယ်။ ကျွန်တော့်အနားကလူတစ်ယောက်လည်း သေသွားတယ်လို့ သိရပါတယ်။ ကျွန်တော့်ကို လူတစ် ယောက်ကဖမ်းသွားပါတယ်။ ဒဏ်ရာတွေရလိုက်လို့ ကုသဖို့ မုံရွာမြို့ တပ်မတော်ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အခုဆိုရင် ဒဏ်ရာတွေတော်တော် သက်သာလာပါပြီ။ အခုလိုလုပ်ခဲ့ရတာက ဘာရည်ရွယ်ချက်မှမပါပါဘူး။ သူများတွေ မြှောက်ပေးလို့ လုပ်ခဲ့တာပါ။ ကျွန်တော် လည်း အခုဆိုရင်မှားမှန်းသိပြီး  နောင်တ တွေရနေပါပြီ။”

 (၁၀၀)