စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်းသာမဏေကျော် ဗုဒ္ဓ တက္ကသိုလ် သို့ PDF အမည်ခံအကြမ်းဖက်သမားများ က လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ အောင်ဇေယျ မြို့သစ်ရှိ သီတဂူချင်းတွင်းသာမဏေကျော် ဗုဒ္ဓတက္ကသိုလ်သို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ် များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးများကျရောက်ပေါက်ကွဲပြီး မီးတုတ်များမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကျောင်းဝင်းအတွင်း မီးလောင်နေကြောင်းသတင်းအရ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၃၀ မိနစ်အကြာ တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စာသင်သားသံဃာတော်များ သီတင်းသုံးနေထိုင်ရာ ထန်းရွက်မိုး၊ ထရံကာအဆောက်အဦ ၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါဗုဒ္ဓ တက္ကသိုလ်တွင် ကျောင်းထိုင်ဆရာတော်အပါအဝင် စာသင်စာချဆရာတော် ၇ ပါးမှ စာသင်သား သံဃာတော် ၃၂ ပါးတို့အား ပါဠိ ပိဋိကတ်စာပေများသင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဗုဒ္ဓသာသာနာတော်တည်တံ့ခိုင်မြဲရေးအတွက် စာသင်သားသံဃာတော်များအား ပါဠိပိဋိကတ်စာပေများသင်ကြားပို့ချပေးလျက်ရှိသည့် သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ် အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။