စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ KG တန်း စာသင်ခန်းအတွင်း အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ KG တန်း စာသင်ခန်းအတွင်း အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ

နေပြည်တော်၊ မတ် ၄

            စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ မတ် ၂ ရက်‌ ည ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ အဆိုပါကျောင်းဝင်းအတွင်း ရဲမာန်အောင်(၁)ကျောင်းဆောင်ရှိ KG တန်း စာသင် ခန်းအတွင်း၌ မိုင်းတစ်လုံးပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သဖြင့် အန္တရာယ်ကင်း ဝေးစေရေးအတွက် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။ လက်လုပ်မိုင်း ပေါက်ကွဲမှု ကြောင့် KG စာသင်ခန်းအတွင်းရှိ မျက်နှာကျက် ၁၀ ချပ်ခန့် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။