စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

 
နေပြည်တော်၊ ဇွန် ၇

 
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေး လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံ အကြမ်းဖက် သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနမှ သားဖွားဆရာမဖြစ်သူ ဒေါ်နွယ်နွယ်စိုး(၄၇)နှစ် (ဘ)ဦးဝင်းမောင်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က Light Truck အဖြူရောင်ယာဉ် ဖြင့် ရောက်ရှိလာပြီး နေအိမ်အား ဖျက်ဆီးပြီး ဒေါ်နွယ်နွယ်စိုးအား ဖမ်းဆီးခေါ်ဆောင်၍ လင်းယဉ် ကျေးရွာ၏အရှေ့ဘက် ၄ မိုင်ခန့်အကွာ လင်းယဉ်-ပဒူသွားကားလမ်းဘေးအနီးအရောက်တွင် ဓားဖြင့်ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်နွယ်နွယ်စိုးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရ သည်။

 
ထိုသို့ ဒေသခံပြည်သူများအား ဆေးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းသမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။