စစ်ကိုင်း ယူနိုက်တက်အသင်း ပြည်တွင်းကစားသမားခုနစ်ဦးကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်စီစဉ်

ရန်ကုန်၊ ဘောလုံး
မြန်မာနေရှင်နယ်လိဂ်ကလပ် စစ်ကိုင်း ယူနိုက်တက်အသင်းသည် စာချုပ်သက် တမ်းကုန်ဆုံးမည့် ပြည်တွင်း ကစားသမား ခုနစ်ဦးကို သက်တမ်းတိုးစာချုပ်ချုပ်ဆို ရန်စီစဉ်နေကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကစားသမားများသည် ယခုနှစ် ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
''ကျွန်တော်တို့အသင်းမှာ ဒီနှစ်ရာသီ ကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားအများစုရှိတယ်။ လက်ရှိ ပထမ သက်တမ်းတိုးတဲ့ ၁ဝ ဦးအပြင် နောက်ထပ်ခုနစ်ဦးကို သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။ ကစားသမား တွေနဲ့ ညှိနှိုင်းနေပြီး နိုဝင်ဘာလအတွင်းမှာ တရားဝင်စာချုပ်ချုပ်ဆိုမှာပါ။ ပြည်ပ ကစားသမား တွေကိုတော့ သက်တမ်းတိုး၊ မတိုးဆိုတာ အသင်းတာဝန်ရှိသူတွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ရှိပါတယ်'' ဟု ၎င်းက ပြောသည်။
စစ်ကိုင်းယူနိုက်တက်အသင်းသည် ယခု နှစ်တွင် ပြည်ပကစားသမားများအဖြစ် နိုက်ဂျီးရီးယား ကွင်းလယ် ကစားသမား ဖရိုင်းဒေး၊ ဂါနာနောက်ခံ ကစားသမား မန်ချွန်ဘီနှင့် ဂါနာ တိုက်စစ်မှူး ပက်ထရစ် တို့ကို ခေါ်ယူ အသုံးပြုခဲ့သည်။
စစ်ကိုင်းယူနိုက်တက် အသင်းသည် ယခု နှစ် ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အားလုံး ပြီးဆုံးချိန်တွင် ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ ၁၁ ပွဲရှုံး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
ကိုရဲ