စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

၁။    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ၃၀-၁၁-၂၀၂၀ ရက်နေ့အထိ ရက်တိုးမြှင့်၍ နောက်ဆုံးထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများအရ ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးသဖြင့် ဗိုလ်လောင်း လျှောက်လွှာထုတ်ပေး/ တင်သွင်းခြင်းကိုလည်း ၁၅-၁၂-၂၀၂၀ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း  အသိပေးအပ်ပါသည်။

၂။    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့အား သင့်လျော်သည့်နေ့ရက်တွင် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ ရတနာပုံသတင်းစာများ၊ မြဝတီရုပ်မြင်သံကြား၊ Myawady Webportal နှင့် Myanmar National Portal တို့တွင် ကြိုတင်ကြော်ငြာ ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)