စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်အမျိုးသမီးဗိုလ်လောင်းများအတွက် အသက်ကန့်သတ်ချက်ပြင်ဆင်သတ်မှတ်ခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်အမျိုးသမီးဗိုလ်လောင်းများအတွက် အသက်ကန့်သတ်ချက်ပြင်ဆင်သတ်မှတ်ခြင်း

 
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်အမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများအား ၂၂-၆-၂၀၂၂ ရက်နေ့ မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ထုတ်ပေးလျက်ရှိရာ ဗိုလ်လောင်းလျှောက်ထားသူများ အတွက် အသက်ကန့်သတ်ချက်အား ယခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ (အစား) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ် ၆ လထက်မကြီးရဟု ပြင်ဆင် သတ်မှတ်ကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆-၃၀၃၃၁၊ ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။