စစ်တွေမြို့ရှိ လောကနန္ဒနာစေတီတော်မြတ်ကြီး၌ ပဋ္ဌန်းသိမ်းအောင်ပွဲကျင်းပပြုလုပ်

စစ်တွေမြို့ရှိ လောကနန္ဒနာစေတီတော်မြတ်ကြီး၌ ပဋ္ဌန်းသိမ်းအောင်ပွဲကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၄
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကနန္ဒနာစေတီတော်မြတ်ကြီး၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် အသံမစဲပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ၏ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ စစ်တွေမြို့၊ မဏိရတနာပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ သောမ အမှူးပြုသည့် ဆရာတော်ကြီးများ၊ သံဃာ တော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ  အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်၍ လှူဖွယ် ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
    
ဦးစွာ တက်ရောက်လာကြသူများက မဏိရတနာပရိယတ္တိစာသင်တိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော် များ ရွတ်ဖတ်ချီးမြှင့်တော်မူကြသည်။ ထို့နောက် ပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမ ထံမှ အနုမောဒနာတရားများနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။