နေပြည်တော် ၊ အောက်တိုဘာ - ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၄ ရက်ညနေ ၇ နာရီ ၃၅ မိနစ်ခန့်တွင် မသင်္ကာဖွယ်လှေ တစ်စီးတွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူစစ်ဆေးစဉ် မောင်းနှင်ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ စစ်တွေမြို့၏အနောက်ဘက် ရေမိုင် ၅၀ ခန့်အကွာနေရာသို့ အရောက်၌ ဦးကြည်လင်း(ဘ)ဦးအောင်လင်း အပါအဝင် အမျိုးသား ၇ ဦးကို လှေပေါ်မှ တရားမဝင် တင်ဆောင်လာသော အခြားသစ် ၈၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ သစ်များနှင့်လှေတို့ကို သက်ဆိုင်ရာသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။