စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေ ၁ စီး အား ဖမ်းဆီးရမိ

စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေ ၁ စီး အား ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်မှောင်ခိုပစ္စည်းများနှင့် လူများဖြတ် သန်းသယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် စက်လှေ ၁ စီးအား တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း(၅)အမည်ရှိ စက်လှေ ၁ စီးပေါ်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး၊ စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာလူမျိုးတရားခံ အမျိုးသား ၅ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။