စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့  လှူဒါန်း

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့  လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၁၉

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ “အမေ့ရင်ခွင်” ပရဟိတကျောင်းရှိ ကလေးငယ်များအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် Mask များကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံကျန်းမာရေးစောင့်ရှောက်ရေးအသင်းနှင့် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံနှင့် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံတို့တွင် တက်ရောက် ကုသနေသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် စေတနာရှင် အလှူရှင်များက အသီးသီးသွားရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။